ABOUT NICEWAY KOREA
NiceWay Co., Ltd အကြောင်း
ကိုရီးယားနိုင်ငံ၏ ပထမဦးဆုံး မြန်မာပိုင် အလုပ်အကိုင်အေဂျင်စီ — ကိုရီးယားအစိုးရ တရားဝင် မှတ်ပုံတင်။
OUR STORY
ကုမ္ပဏီ အကြောင်း
NICEWAY CO.,LTD. သည် ကိုရီးယားနိုင်ငံအစိုးရ၏ တရား၀င် အသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ပထမဦးဆုံး အလုပ်အကိုင်အေဂျင်စီ ဖြစ်ပြီး ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများ အလုပ်အကိုင်ရှာဖွေရာတွင် လွယ်ကူအဆင်ပြေနိုင်စေရန်နှင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ကြိုးစားပံ့ပိုး လုပ်ဆောင်လျက်ရှိပါသည်။ NICEWAY CO.,LTD. ၏ တည်ထောင်သူသည် ကိုရီးယားနိုင်ငံတွင် နှစ်ပေါင်း (၂၀) ကျော်ကြာ အခြေချနေထိုင် လုပ်ကိုင်လျက်ရှိသူဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် နေထိုင်လုပ်ကိုင်ခဲ့သော အတွေ့အကြုံများနှင့် ဗဟုသုတများအပေါ် အခြေခံ၍ မြန်မာနိုင်ငံသားများအား ထိရောက်စွာ ကာကွယ်ပံ့ပိုးပေးလိုသော စိတ်ဆန္ဒဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် NICEWAY CO.,LTD. ကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကုမ္ပဏီသက်တမ်း (၁) နှစ်ကျော် ကာလအတွင်း D10 မှ E7-1, E7-2, E7-3, G1, D2, D4 နဲ့ E9 အပါအဝင် မြန်မာနိုင်ငံသား အလုပ်သမားပေါင်း (၃၀၀) ဦး ကျော်ကို နယ်ပယ်မျိုးစုံတွင် အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့ပါသည်။ ထို့ပြင် အသုံးပြုသူ Subscribers ပေါင်း (၃၀၀၀) ကျော်ခန့်ရှိသော NiceWay Korea Telegram Channel တွင် ကိုရီးယားနိုင်ငံရှိ အလုပ်အကိုင်အခွင့်အလမ်းများကို အချိန်နှင့်တပြေးညီ တင်ပေးလျက်ရှိပြီး အလုပ်ရှာ ၀န်ဆောင်မှုများ ပံ့ပိုးပေးလျက် ရှိပါသည်။ ထို့အပြင် ဗီဇာဝန်ဆောင်မှုများကိုလည်း ၀န်ဆောင်မှု ပေးလျက် ရှိပါသည်။
GALLERY
ဓာတ်ပုံများ



BY THE NUMBERS
ကျွန်ုပ်တို့၏ မှတ်တိုင်များ
CEO PROFILE
တည်ထောင်သူ CEO မိတ်ဆက်
၂၀၁၄ ခုနှစ်တွင် ကိုရီးယား SME ထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချသည့် Aerial Korea Co., Ltd. ကို တည်ထောင်ခဲ့ပါသည်။
၂၀၁၈–၂၀၂၅ ခုနှစ်တွင် Seoul Business Agency (SBA) ၏ International Distribution Center နှင့် Global Marketing Center တို့တွင် နေထိုင်ခွင့်ရ ကုမ္ပဏီအဖြစ် ရွေးချယ်ခံရပြီး ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် ၅၈ ကြိမ်မြောက် ကုန်သွယ်ရေးနေ့တွင် "Million Dollar Export Tower" ဆု ချီးမြှင့်ခံရပြီး ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ချီးကျူးဂုဏ်ပြုလွှာ (အမှတ် ၁၃၄၁၁၁) ရရှိခဲ့ပါသည်။
၂၀၂၂–၂၀၂၅ ခုနှစ်တွင် Professional Trading Company [Export-specialized company] လက်မှတ် ရရှိခဲ့ပါသည်။
၂၀၂၄–၂၀၂၅ ခုနှစ်တွင် ဘူဆန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တွဲဖက်ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အခြေချနေထိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ NICEWAY CO.,LTD. ကို တည်ထောင်ခဲ့ပါသည်။
TIMELINE
တည်ထောင်သူ၏ မှတ်တိုင်များ
- 2014
Aerial Korea Co., Ltd. တည်ထောင်
ကိုရီးယား SME ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တိုက်ရိုက် တင်ပို့ရောင်းချခြင်း လုပ်ငန်း စတင်။
- 2018–25
Seoul Business Agency (SBA)
SBA International Distribution Center နှင့် Global Marketing Center တွင် အခြေပြု ကုမ္ပဏီအဖြစ် ရွေးချယ်ခံရ။
- 2021
Million Dollar Export Tower
ကုန်သွယ်ရေးနေ့ အခမ်းအနား အကြိမ် ၅၈ တွင် Million Dollar Export Tower ဆုရရှိ။ ကုန်သွယ်ရေးဝန်ကြီးထံမှ ချီးကျူးမှတ်တမ်း (အမှတ် ၁၃၄၁၁၁)။
- 2022–25
Professional Trading Company
သတ်မှတ်ပြဋ္ဌာန်းချက်များအရ Export-specialized company အဆင့်သို့ တိုးမြှင့်ခံရ။
- 2024–25
Busan Foreign Language University
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရ။
- Jul 2024
NICEWAY CO., LTD. တည်ထောင်
ကိုရီးယားနိုင်ငံတွင် မြန်မာလုပ်သားများ အခြေတကျ အလုပ်ရရှိစေရန်အတွက် ရည်ရွယ်ပြီး တည်ထောင်။
RECOGNITION
အသိအမှတ်ပြုမှု
ကိုရီးယားနိုင်ငံအတွင်းရှိ အလုပ်အကိုင်အေဂျင်စီများ၊ လာအို၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ဥဇဘက်ကစ္စတန်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံပေါင်းများစွာမှ ကုမ္ပဏီ (၁၆၀) အနက်မှ (၁၆) ခု ရွေးချယ်ခံရပြီး ကိုရီးယား ကားဘော်ဒီနှင့် ဆေးမှုတ်ခြင်းလုပ်ငန်းအသင်း ကြီးမှူးသည့် E-7-3 ကျွမ်းကျင်လုပ်သား ခေါ်ယူရေးတွင် မြန်မာနိုင်ငံ တာဝန်ခံအဖြစ် ရွေးချယ်ခံရသော ကုမ္ပဏီဖြစ်ပါသည်။
ဆက်သွယ်ရန်
မေးမြန်းလိုသည်များရှိပါက အောက်ပါ နည်းလမ်းများဖြင့် ဆက်သွယ်နိုင်ပါသည်။
